News

2-9-2020-01

 

2-9-2020-02

 

2-9-2020-03

 

2-9-2020-04

 

2-9-2020-05

 

2-9-2020-06

 

2-9-2020-07

 

ဆော်ဒီအာရေဗျနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အီဂျစ်နိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံနေရသော မြန်မာနိုင်ငံသားများအား တင်ဆောင်လာမည့် မြန်မာသံရုံး၊ ရီယာဒ်မြို့၏ သတ္တမမြောက် ကယ်ဆယ်ရေးလေယာဉ် မြန်မာ့အပြည်‌ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပျံသန်းအမှတ် 8M1102 သည် ၂-၉-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁၃၀ နာရီ အချိန်တွင် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆော်ဒီအာရေဗျ နိုင်ငံ၊ ဒမန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လည်းကောင်း၊ ဒမန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက်ပိုင်း (၁၂၃၀) နာရီတွင် လည်းကောင်း ထွက်ခွာသွားပြီ ဖြစ်ပါကြောင်းနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ခန့်မှန်း မြန်မာစံတော်ချိန် (၂၃၃၀)နာရီတွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကိုကိုလတ်နှင့် ဇနီး၊ ရန်ကုန်မြို့ ဆော်ဒီအာရေဗျနိုင်ငံသံရုံးတွင် တာဝန်ထမ်းဆောင်မည့် သံတမန်တစ်ဦး၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားသ‌ေင်္ဘာသားများနှင့် ကျောင်းသား (၉)ဦး၊ ယူအေအီးနိုင်ငံမှ မြန်မာ နိုင်ငံသား(၆၄)ဦးနှင့် ဘိုလီဗီးယားနိုင်ငံသားတစ်ဦး၊ အီဂျစ်နိုင်ငံမှ မြန်မာနိုင်ငံသား (၇၆)ဦး၊ ပါကစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံသား (၄)ဦး၊ ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသား (၃)ဦး၊ နိုင်ငံခြားသား (၅)ဦး အစ္စရေးနိုင်ငံမှ နိုင်ငံသား (၁)ဦး၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသား(၁)ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၄)ဦးနှင့် နိုင်ငံခြားသား (၇)ဦး စုစုပေါင်း (၁၇၁)ဦး လိုက်ပါလာမည် ဖြစ်ပါသည်။ ခရီးစဉ် အဆင်ပြေချောမွေ့စေရန်၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ပြည်ထဲရေးဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနများ၊ လေကြောင်းအာဏာပိုင်အဖွဲ့များ၊ရီယာဒ်မြို့ အခြေစိုက် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံရုံး၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော ယူအေအီးနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

20-8-2020-01

 

20-8-2020-02

 

20-8-2020-03

 

20-8-2020-04

 

၂၀-၈-၂၀၂၀ ရက်၊ ဒေသစံတော်ချိန်(၁၀၃၀)နာရီတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)ရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လည်းကောင်း ဒေသစံတော်ချိန်(၁၂၁၀)နာရီတွင် အိုမန်နိုင်ငံ၊ မတ်စကတ်တို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှလည်းကောင်း ထွက်ခွာသော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်တွင် ခရီးသည်များအနေဖြင့် အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသား (၂၈)ဦး၊ ဘာရိန်းနိုင်ငံမှ မြန်မာနိုင်ငံသား(၁)ဦး၊ ယူအေအီးနိုင်ငံမှ မြန်မာနိုင်ငံသား (၈၀)ဦး၊ ပါကစ္စတန်နိုင်ငံသား ကလေးငယ် (၁)ဦး၊ အီဂျစ်နိုင်ငံမှ မြန်မာနိုင်ငံသား (၉)ဦးနှင့် အီဂျစ်နိုင်ငံသား (၃)ဦး၊ ဘယ်လ်ဂျီယံ နိုင်ငံမှ မြန်မာနိုင်ငံသား (၄)ဦးနှင့် နိုင်ငံခြားသား (၅)ဦး၊ နယ်သာလန်နိုင်ငံမှ နိုင်ငံခြားသား (၁)ဦး၊ မော်လ်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား (၇)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသား(၃)ဦး၊ ဘရာဇီးလ် နိုင်ငံမှ မြန်မာနိုင်ငံသား (၁၀)ဦး၊ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံ သား(၈)ဦး၊ စပိန်နိုင်ငံမှ မြန်မာနိုင်ငံသား(၂)ဦး၊ တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ ပနားမားနိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ ဟန်ဂေရီနိုင်ငံသား (၁)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ ဂျပူတီနိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၃)ဦးနှင့် နိုင်ငံခြားသား (၁၁)ဦး စုစုပေါင်း (၁၇၄)ဦး လိုက်ပါလာမည် ဖြစ်ပါကြောင်း နှင့် ခရီးစဉ် အဆင်ပြေချောမွေ့စေရန်၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော အိုမန်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ပြည်ထဲရေးဝန်ကြီးဌာနများ၊ လေကြောင်းအာဏာပိုင်အဖွဲ့များ၊ရီယာဒ်မြို့ အခြေစိုက် အိုမန်သံရုံး၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံရုံး၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော အိုမန်နိုင်ငံနှင့် ယူအေအီးနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

14-06-2020-01

 

14-06-2020-02

 

14-06-2020-03

 

14-06-2020-04

 

14-06-2020-05

 

14-06-2020-06

 

၁၄-၆-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် (၁၃၃၅) နာရီတွင် ကာတာနိုင်ငံမှ မြန်မာနိုင်ငံသား (၆၁)ဦး၊ အီတလီမှ (၅)ဦး၊ ဘရာဇီးမှ (၄)ဦး၊ ဂျာမနီမှ (၂)ဦး၊ သြစတြေးလျားနိုင်ငံမှ သံတမန်(၂)ဦး၊ မြန်မာကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ(၁)ဦးနှင့် အာဖဂ္ဂနစ္စတန် ကဘူးလ်မြို့ရှိ UNICEF ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသား(၇၄)ဦးနှင့် သံတမန် (၂)ဦး စုစုပေါင်း ခရီးသည်(၇၆)ဦးတို့ လိုက်ပါလာသော ကယ်ဆယ်ရေးလေယာဉ်အဖြစ် စီစဉ်သည့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)၏ လေကြောင်းပျံသန်းအမှတ်စဉ် 8M 1201 သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာသံရုံး၊ ရီယာဒ်မြို့မှ ညှိနှိုင်းစီစဉ်ပေးခဲ့ပြီး၊ ခရီးစဉ် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာတာပြည်ထဲရေးဝန်ကြီးဌာန၊ ကာတာလေကြောင်းအာဏာပိုင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော ကာတာနိုင်ငံအခြေစိုက် မိတ်ဖက်သံရုံးများမှ သံတမန်များ၊ ကာတာနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Goverment Websites



Embassy Websites



Contact us

Embassy of the Republic of the Union of Myanmar

No. 5, Al-Kadi Street, King Fahad Area, Riyadh, Kingdom of Saudi Arabia.

P.O Box No: 94490, Riyadh 11693, Kingdom of Saudi Arabia.

Tel: 966-11-2293525, 2293523,

Fax: 966-11-2293306

Email : [email protected]

Website: www.meriyadh.org

Time


Myanmar Time

Riyadh Time

အဂတိလိုက်စားမှုများ တိုင်ကြားရန်

email-icon

S5 Box