မြန်မာသံရုံး၊ ရီယာဒ်မြို့အနေဖြင့်လည်း ယူအေအီးရောက် မြန်မာနိုင်ငံသား အားလုံးကို လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးအပ်ခြင်းအခမ်းအနား ကျင်းပစဉ် ကာလ တွင် အချိန်ပေးပြီး လုပ်အားပေးပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံ သားများကို လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးအပ်ခြင်း အခမ်းအနားကျင်းပမည့် နေရာ၊ ဆက်စပ် နေရာထိုင်ခင်းများ၊ မဲဆန္ဒပေးအပ်မည့်သူများ လာရောက်ရန် သယ်ယူ ပို့ဆောင်မှုများ၊ ဒေသ/မြို့ ကျော်လွန်လာရောက်မဲပေးရမည့်သူများအတွက် ဆေးစစ်ရန် အတွက်ပါ မြန်မာနိုင်ငံသားများ၏ စုပေါင်းအားဖြင့် တစ်ပေါင်းတစ်စည်းထဲ ကူညီဆောင်ရွက်ပေးသည့် ကန္တာရဝဿ လူမှုရေးအဖွဲ့အစည်းကို လည်းကောင်း၊ တစ်ထောင့်တစ်နေရာမှ ကိုယ်၊ စိတ်၊ နှလုံး (၃) ပါးဖြင့် ပါဝင်ကူညီသူအားလုံးကို လည်းကောင်း ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဆော်ဒီအာရေဗျနိုင်ငံအတွင်း ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူ နိုင်ငံသားများ အတွက် မဲရုံးကို မြန်မာသံရုံး၊ ရီယာဒ်မြို့ သံရုံးပုရဝဏ်အတွင်း ၁၀-၁၀-၂၀၂၀ ရက်တွင် နံနက် (၀၇၃၀) နာရီမှ စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံသားများ လာရောက်မဲပေးခဲ့ပါကြောင်းနှင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း ဖော်ပြအပ်ပါသည်။
၁။ အိုမန်နိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး)နှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ဖြစ်လျှက် ရှိသော မြန်မာနိုင်ငံသား များအား ပြန်လည်ပို့ဆောင်မည့် မြန်မာသံရုံး၊ ရီယာဒ်မြို့၏ ဒဿမအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပျံသန်းအမှတ် 8M1101 သည် ၁၄-၁၀-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၂၁၅ နာရီတွင် ဒူဘိုင်းမှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီ ဖြစ်ပါကြောင်းနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ (၂၂၀၀)နာရီတွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ မြန်မာနိုင်ငံသား သေင်္ဘာသား (၄)ဦး၊ ကာတာနိုင်ငံမှ မြန်မာနိုင်ငံသား (၇)ဉီး၊ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံ သား (၇)ဦး၊ ဘာရိန်းနိုင်ငံမှ မြန်မာနိုင်ငံသား (၄)ဦး၊ ယူအေအီးနိုင်ငံမှ မြန်မာနိုင်ငံသား (၈၄)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး၊ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသား (၂)ဦး၊ သီရိလင်္ကာ နိုင်ငံမှ မြန်မာနိုင်ငံသား (၆)ဦး၊ ပါကစ္စတန်နိုင်ငံမှ နိုင်ငံခြားသား(၄)ဦး၊ နော်ဝေနိုင်ငံမှ (၂)ဦး၊ အီတလီမှ မြန်မာနိုင်ငံသား (၃)ဦး၊ တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသား (၆)ဦး၊ သြစတြီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ ဆွတ်ဇာလန်နိုင်ငံမှ နိုင်ငံခြားသား (၂)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသား သေင်္ဘာသား (၁)ဦး၊ ရုရှားနိုင်ငံမှ မြန်မာ နိုင်ငံသား သေင်္ဘာသား (၄)ဦး၊ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသား (၃)ဦး၊ ယူအေအီးနှင့် ကာတာနိုင်ငံများမှ မြန်မာနိုင်ငံသား သေင်္ဘာသား (၃၅)ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၂)ဦး လိုက်ပါသွားပါသည်။
၃။ ခရီးစဉ် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရီယာဒ်မြို့အခြေစိုက် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသံရုံးနှင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ် လေကြောင်း အာဏာပိုင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံရှိ ကန္တာရဝဿ မြန်မာ့လူမှုရှေ့ဆောင်အသင်းနှင့် မြန်မာအသိုင်းအဝိုင်းမှ ပံ့ပိုးကူညီပေး ကြသူများအား ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Embassy of the Republic of the Union of Myanmar
No. 5, Al-Kadi Street, King Fahad Area, Riyadh, Kingdom of Saudi Arabia.
P.O Box No: 94490, Riyadh 11693, Kingdom of Saudi Arabia.
Tel: 966-11-2293525, 2293523,
Fax: 966-11-2293306
Email : [email protected]
Website: www.meriyadh.org
Myanmar Time |
Riyadh Time |