ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးတင်ယုသည် ၁၁-၁၁-၂၀၂၀ ရက် နံနက် ၁၁၀၀ နာရီတွင် ရီယာဒ်မြို့ရှိ အာဆီယံရီယာဒ်ကော်မတီ ARC ၏ အလှည့်ကျ ဉက္ကဌ တာဝန်ယူထားသည့် စင်ကာပူ သံအမတ်ကြီးထံ သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ရီယာဒ်မြို့ရှိ အာဆီယံသံရုံးများ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ရောက် မြန်မာအသိုင်းအဝိုင်းများ ကြိုတင်မဲပေးနိုင်ရေးအတွက် ဒူဘိုင်းမြို့တွင် မဲရုံဖွင့်လှစ်နိုင်ရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး၊ ရီယာဒ်မြို့မှ ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဒူဘိုင်းမြို့တွင် (၁၇-၁၀-၂၀၂၀)ရက်နှင့် (၁၈-၁၀-၂၀၂၀)ရက်တို့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးအပ်ခြင်းအခမ်းအနား အောင်မြင် စွာကျင်းပနိုင်ခဲ့ခြင်းကို ပြည်သူ့ဂုဏ်ရည်အသင်းမှ ယူအေအီးနိုင်ငံရှိ ကန္တရဝဿလူမှုရှေ့ဆောင်အသင်းနှင့် ပူးပေါင်း၍ မြန်မာသံရုံး၊ ရီယာဒ်မြို့အား ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုသင်္ကေတအပ်နှင်းခြင်းအခမ်းအနားအား (၆-၁၁-၂၀၂၀)ရက်၊ ညနေ(၁၉၀၀)နာရီမှ (၂၂၀၀)နာရီအထိ ဒူဘိုင်းမြို့ရှိ Millennium Airport Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့ဂုဏ်ရည်အသင်းမှ ဉက္ကဌ ဉီးထွန်းထွန်းနှင့် ကန္တရဝဿလူမှုရှေ့ဆောင်အသင်းမှ ဂုဏ်ထူးဆောင် နာယက ဉီးမိုးဇော်လွင်၊ ဉက္ကဌ ဉီးဟန်သာမြင့်ဉီး တို့ အပါအဝင် ယူအေအီးနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းမှ ၇၀ ဉီးခန့် ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာသံရုံးဘက်မှ သံရုံးဒုတိယအကြီးအကဲ/သံမှူး ဉီးဇေယျာမျိုးမြင့်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကာ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုသင်္ကေတကို လက်ခံရယူခဲ့ပါသည်။ မြန်မာသံရုံးအနေဖြင့် ပြည်သူ့ဂုဏ်ရည်အသင်း၊ ကန္တရဝဿလူမှုရှေ့ဆောင်အသင်းနှင့် ယူအေအီးနိုင်ငံရောက် မြန်မာများအားလုံးကို ကျေးဇူးဉပကာရတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Embassy of the Republic of the Union of Myanmar
No. 5, Al-Kadi Street, King Fahad Area, Riyadh, Kingdom of Saudi Arabia.
P.O Box No: 94490, Riyadh 11693, Kingdom of Saudi Arabia.
Tel: 966-11-2293525, 2293523,
Fax: 966-11-2293306
Email : [email protected]
Website: www.meriyadh.org
Myanmar Time |
Riyadh Time |