အခက်အခဲ ကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသားများ အတွက် ကယ်ဆယ်ရေးလေယာဉ်များ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ တင်ပြခြင်း
List of unauthorized e-Visa Website
Consular Services
၂။ ဆက်လက်၍ စက်တင်ဘာလ ၁၉ ရက်၊ ၂၁ ရက်နှင့် အောက်တိုဘာလ ၁၄ ရက် နေ့များတွင် ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသားများ ပြည်တော် ပြန်နိုင် ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ စီစဉ်ဆောင်ရွက်လျက်ရှိရာတွင် အောက်ပါ မူဝါများအပေါ် အခြေခံ၍ စိစစ်ရွေးချယ်ပေးလျက်ရှိပါသည်-
(က) အသက်အရွယ် ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်ရှိသူများ၊ ကျန်းမာရေး ကုသမှုခံယူနေရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိ ထားသူများ။
(ခ) မိသားစုနှင့်အတူနေများ၊ မိသားစုဉီးရေ များပြားသူများ၊ လူမှုရေး အခက် အခဲရှိသူများ။
(ဂ) ကာလရှည် အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲ ကြုံတွေ့နေရသော မြန်မာ အလုပ်သမားများနှင့် ကာလကြာရှည် သောင်တင်နေသော သေင်္ဘာသား များ။
(ဃ) မမျှော်လင့်သော အရေးကြီး ကိစ္စရပ်များကြောင့် မြန်မာနိုင်ငံသို့ ဆောလျင် စွာ ပြန်နိုင်ရေး လိုအပ်သူများ(တိကျသော အထောက်အထား တင်ပြချက် များဖြင့် လိုက်ပါခွင့် တောင်းခံလာသူများ)။
(င) မြန်မာနိုင်ငံသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ သံတမန်များ၊ သံတမန် မိသားစုဝင်များ။
၃။ အထက်ပါအတိုင်း တတ်နိုင်သမျှ စိစစ်၍ လိုက်ပါနိုင်ရေး ဆောင်ရွက်ရာတွင် လိုက်ပါလိုကြသူအရေအတွက်နှင့် လိုက်ပါနိုင်သည် အရေအတွက်တို့မှာ အဆမတန် ကွာခြားလျက်ရှိအတွက် လိုက်ပါခွင့် ရရှိသူများ၊ ကာလတစ်ခုအထိ စောင့်ဆိုင်းရသူများ ရှိပါသည်။ စောင့်ဆိုင်းနေရသူများအတွက် ကယ်ဆယ်ရေးလေယာဉ် ပြေးဆွဲ နိုင်မည့် ရက်၊ လိုက်ပါနိုင်သူများ စာရင်း၊ လိုက်နာဆောင်ရွက်ရမည့် လတ်တလော အခြေအနေ များကို သတင်းမှန် ထုတ်ပြန်၍ မြန်မာနိုင်ငံသားများအား အသိပေးနိုင်ရန်နှင့် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။
Government Websites
Embassy Websites
Time
|
Myanmar Time |
Riyadh Time |

