ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် (ဒိုဟာ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် စီစဉ် ဆောင်ရွက်ခြင်း)

List of unauthorized e-Visa Website
Consular Services






၁၄-၆-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် (၁၃၃၅) နာရီတွင် ကာတာနိုင်ငံမှ မြန်မာနိုင်ငံသား (၆၁)ဦး၊ အီတလီမှ (၅)ဦး၊ ဘရာဇီးမှ (၄)ဦး၊ ဂျာမနီမှ (၂)ဦး၊ သြစတြေးလျားနိုင်ငံမှ သံတမန်(၂)ဦး၊ မြန်မာကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ(၁)ဦးနှင့် အာဖဂ္ဂနစ္စတန် ကဘူးလ်မြို့ရှိ UNICEF ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသား တစ်ဦး၊ မြန်မာနိုင်ငံသား(၇၄)ဦးနှင့် သံတမန် (၂)ဦး စုစုပေါင်း ခရီးသည်(၇၆)ဦးတို့ လိုက်ပါလာသော ကယ်ဆယ်ရေးလေယာဉ်အဖြစ် စီစဉ်သည့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)၏ လေကြောင်းပျံသန်းအမှတ်စဉ် 8M 1201 သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာသံရုံး၊ ရီယာဒ်မြို့မှ ညှိနှိုင်းစီစဉ်ပေးခဲ့ပြီး၊ ခရီးစဉ် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာတာပြည်ထဲရေးဝန်ကြီးဌာန၊ ကာတာလေကြောင်းအာဏာပိုင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော ကာတာနိုင်ငံအခြေစိုက် မိတ်ဖက်သံရုံးများမှ သံတမန်များ၊ ကာတာနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Government Websites
Embassy Websites
Time
Myanmar Time |
Riyadh Time |
အဂတိလိုက်စားမှုများ တိုင်ကြားရန်
