ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ၎င်း၏ ခန့်အပ်လွှာ (မိတ္တူ) အား ပေးအပ်ခဲ့ခြင်း (၁၈-၁၁-၂၀၂၀ ရက်၊ ရီရတ်ဒ်)

List of unauthorized e-Visa Website

Consular Services

နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ခွင့်ရသူများ စာရင်း

၁။ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ၁၁၃၀ နာရီတွင် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး အဆင့်ရှိ H.E Mr. Mishari bin Ali bin Naheet (Undersecretary for Protocol Affairs) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ၍ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါသည်။

၂။ မြန်မာသံအမတ်ကြီး အနေဖြင့် ခန့်အပ်လွှာ(မိတ္တူ) ကို ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တရားဝင် တာဝန်ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်နိုင်ပြီ ဖြစ်ပါသည်။ ၃။ တွေ့ဆုံစဉ် သံတမန်ရေးရာ ဓလေ့ထုံးတမ်းများနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Government Websites


Embassy Websites


Time


Myanmar Time

Riyadh Time

အဂတိလိုက်စားမှုများ တိုင်ကြားရန်