ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှု ကာလအတွင်း လေကြောင်းများ ရပ်တန့်၍ အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား ဒူဘိုင်း-ဒမန်း(ဆော်ဒီ)-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ဖြင့် နေရပ်ပြန်လည်ပို့ဆောင်ခြင်း

List of unauthorized e-Visa Website
Consular Services







ဆော်ဒီအာရေဗျနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အီဂျစ်နိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံနေရသော မြန်မာနိုင်ငံသားများအား တင်ဆောင်လာမည့် မြန်မာသံရုံး၊ ရီယာဒ်မြို့၏ သတ္တမမြောက် ကယ်ဆယ်ရေးလေယာဉ် မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပျံသန်းအမှတ် 8M1102 သည် ၂-၉-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁၃၀ နာရီ အချိန်တွင် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဆော်ဒီအာရေဗျ နိုင်ငံ၊ ဒမန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လည်းကောင်း၊ ဒမန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက်ပိုင်း (၁၂၃၀) နာရီတွင် လည်းကောင်း ထွက်ခွာသွားပြီ ဖြစ်ပါကြောင်းနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ခန့်မှန်း မြန်မာစံတော်ချိန် (၂၃၃၀)နာရီတွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကိုကိုလတ်နှင့် ဇနီး၊ ရန်ကုန်မြို့ ဆော်ဒီအာရေဗျနိုင်ငံသံရုံးတွင် တာဝန်ထမ်းဆောင်မည့် သံတမန်တစ်ဦး၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားသေင်္ဘာသားများနှင့် ကျောင်းသား (၉)ဦး၊ ယူအေအီးနိုင်ငံမှ မြန်မာ နိုင်ငံသား(၆၄)ဦးနှင့် ဘိုလီဗီးယားနိုင်ငံသားတစ်ဦး၊ အီဂျစ်နိုင်ငံမှ မြန်မာနိုင်ငံသား (၇၆)ဦး၊ ပါကစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံသား (၄)ဦး၊ ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသား (၁)ဦး၊ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသား (၃)ဦး၊ နိုင်ငံခြားသား (၅)ဦး အစ္စရေးနိုင်ငံမှ နိုင်ငံသား (၁)ဦး၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသား(၁)ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၄)ဦးနှင့် နိုင်ငံခြားသား (၇)ဦး စုစုပေါင်း (၁၇၁)ဦး လိုက်ပါလာမည် ဖြစ်ပါသည်။ ခရီးစဉ် အဆင်ပြေချောမွေ့စေရန်၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသော ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ပြည်ထဲရေးဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနများ၊ လေကြောင်းအာဏာပိုင်အဖွဲ့များ၊ရီယာဒ်မြို့ အခြေစိုက် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံရုံး၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော ယူအေအီးနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Government Websites
Embassy Websites
Time
Myanmar Time |
Riyadh Time |
အဂတိလိုက်စားမှုများ တိုင်ကြားရန်
