News

6-11-2020-01

 

6-11-2020-02

 

6-11-2020-03

 

6-11-2020-04

 

6-11-2020-05

 

6-11-2020-06

 

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ရောက် မြန်မာအသိုင်းအဝိုင်းများ ကြိုတင်မဲပေးနိုင်ရေးအတွက် ဒူဘိုင်းမြို့တွင် မဲရုံဖွင့်လှစ်နိုင်ရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာသံရုံး၊ ရီယာဒ်မြို့မှ ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဒူဘိုင်းမြို့တွင် (၁၇-၁၀-၂၀၂၀)ရက်နှင့် (၁၈-၁၀-၂၀၂၀)ရက်တို့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးအပ်ခြင်းအခမ်းအနား အောင်မြင် စွာကျင်းပနိုင်ခဲ့ခြင်းကို ပြည်သူ့ဂုဏ်ရည်အသင်းမှ ယူအေအီးနိုင်ငံရှိ ကန္တရဝဿလူမှုရှေ့ဆောင်အသင်းနှင့် ပူးပေါင်း၍ မြန်မာသံရုံး၊ ရီယာဒ်မြို့အား ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုသင်္ကေတအပ်နှင်းခြင်းအခမ်းအနားအား (၆-၁၁-၂၀၂၀)ရက်၊ ညနေ(၁၉၀၀)နာရီမှ (၂၂၀၀)နာရီအထိ ဒူဘိုင်းမြို့ရှိ Millennium Airport Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့ဂုဏ်ရည်အသင်းမှ ဉက္ကဌ ဉီးထွန်းထွန်းနှင့် ကန္တရဝဿလူမှုရှေ့ဆောင်အသင်းမှ ဂုဏ်ထူးဆောင် နာယက ဉီးမိုးဇော်လွင်၊ ဉက္ကဌ ဉီးဟန်သာမြင့်ဉီး တို့ အပါအဝင် ယူအေအီးနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းမှ ၇၀ ဉီးခန့် ပါဝင်တက်ရောက်ခဲ့ပြီး၊ မြန်မာသံရုံးဘက်မှ သံရုံးဒုတိယအကြီးအကဲ/သံမှူး ဉီးဇေယျာမျိုးမြင့်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကာ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုသင်္ကေတကို လက်ခံရယူခဲ့ပါသည်။ မြန်မာသံရုံးအနေဖြင့် ပြည်သူ့ဂုဏ်ရည်အသင်း၊ ကန္တရဝဿလူမှုရှေ့ဆောင်အသင်းနှင့် ယူအေအီးနိုင်ငံရောက် မြန်မာများအားလုံးကို ကျေးဇူးဉပကာရတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

22-20-2020-01

 

မြန်မာသံရုံး၊ ရီယာဒ်မြို့အနေဖြင့်လည်း ယူအေအီးရောက် မြန်မာနိုင်ငံသား အားလုံးကို လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးအပ်ခြင်းအခမ်းအနား ကျင်းပစဉ် ကာလ တွင် အချိန်ပေးပြီး လုပ်အားပေးပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံ သားများကို လည်းကောင်း၊ ကြိုတင်ဆန္ဒမဲပေးအပ်ခြင်း အခမ်းအနားကျင်းပမည့် နေရာ၊ ဆက်စပ် နေရာထိုင်ခင်းများ၊ မဲဆန္ဒပေးအပ်မည့်သူများ လာရောက်ရန် သယ်ယူ ပို့ဆောင်မှုများ၊ ဒေသ/မြို့ ကျော်လွန်လာရောက်မဲပေးရမည့်သူများအတွက် ဆေးစစ်ရန် အတွက်ပါ မြန်မာနိုင်ငံသားများ၏ စုပေါင်းအားဖြင့် တစ်ပေါင်းတစ်စည်းထဲ ကူညီဆောင်ရွက်ပေးသည့် ကန္တာရဝဿ လူမှုရေးအဖွဲ့အစည်းကို လည်းကောင်း၊ တစ်ထောင့်တစ်နေရာမှ ကိုယ်၊ စိတ်၊ နှလုံး (၃) ပါးဖြင့် ပါဝင်ကူညီသူအားလုံးကို လည်းကောင်း ကျေးဇူးဉပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Goverment Websites



Embassy Websites



Contact us

Embassy of the Republic of the Union of Myanmar

No. 5, Al-Kadi Street, King Fahad Area, Riyadh, Kingdom of Saudi Arabia.

P.O Box No: 94490, Riyadh 11693, Kingdom of Saudi Arabia.

Tel: 966-11-2293525, 2293523,

Fax: 966-11-2293306

Email : [email protected]

Website: www.meriyadh.org

Time


Myanmar Time

Riyadh Time

အဂတိလိုက်စားမှုများ တိုင်ကြားရန်

email-icon

S5 Box